Post Reply 
 
Thread Rating:
  • 0 Votes - 0 Average
  • 1
  • 2
  • 3
  • 4
  • 5
ဗုဒ္ဓဘာသာခေါင်းစဉ်အောက်မှ မဟုတ်မဟတ်အယူအဆများ...။
07-02-2010, 10:25 AM
Post: #21
RE: ဗုဒ္ဓဘာသာခေါင်းစဉ်အောက်မှ မဟုတ်မဟတ်အယူအဆများ...။
ဟုတ်ပါတယ် ကိုအမောင်လုလင် မေးခွန်းကို ဖြေထားတာက ပထမအပိုင်းပါ... ဒုတိယအပိုင်းကတော့ Ko Bo007 ဘလော့အကြောင်းပြောတာပါ... ပြသနာက ဘာလဲဆိုတော့ system က ပိုစ့်နှစ်ခုကို ပေါင်းပေးလိုက်တာပါ... အဲဒါကြောင့် အဲလို ပိုစ့်မှာ မျဉ်ကြောင်းတစ်ခုခြားပြီး ဆက်သွားတာပါ...

အဲဘလော့အကြောင်းဆက်ပြောရမယ်ဆို ကျနော်တစ်ခါရောက်ဖြစ်ပါတယ်... ကျနော်တစ်ပုဒ်ပဲ ဖတ်ပါတယ် ဆက်မဖတ်သင့်ဘူးထင်မလို့ မဖတ်တော့ဘူး... ကျနော်ထင်တာ ရေးတဲ့သူအပြစ်က နည်းနည်း ဖတ်ပြီး ခဏခဏသွားပြောတဲ့သူက အပြစ်များများလို့ ပြောရမယ်ထင်တယ်... အကောင်းဆုံးကတော့ အဲဘလော့ကို မသွားတာ မဖတ်တာ ကောင်းပါတဲ့... လူတစ်ယောက်က သူ့အလုပ်ကို သူ့တစ်ယောက်တည်း ဘယ်တော့မှ မလုပ်နိုင်ပါဘူး... ဖတ်တဲ့ရှိရင် ရေးနေမှာပဲ ပြောနေတဲ့သူရှိရင် မခံချင်ပဲ ဆက်လုပ်ပြနေမှာပဲ... ဒီတော့ ဆက်မဖတ် ဆက်မပြောနေတာ အကောင်းဆုံးပေါ့ဗျား...

Please give me "THANKS" if you like my post!!!
Quote this message in a reply
Thank given by amglulin, Moderator, talkyboy, Firewire, poembomb
10-02-2010, 07:02 PM
Post: #22
RE: ဗုဒ္ဓဘာသာခေါင်းစဉ်အောက်မှ မဟုတ်မဟတ်အယူအဆများ...။
ဟုတ်ပါပြီ...အချင်းချင်းနားလည်ကြပြီးတဲ့နောက်...
ကျွန်တော်ဝင်ပြောလိုသည်မှာ...ကျွန်တော်က အမောင်လုလင်မေးသောမေးခွန်းကိုအရမ်းသဘောကျနေမိတယ်ဆိုတာပါ
ကျွန်တော့်ရင်ထဲကတိတ်တခိုးမေးခွန်းဖြစ်ပါတယ်...ကျွန်တော့်အစားအမောင်လုလင်ရေးသွားသလားထင်ရလောက်ပါတယ်
ကျွန်တော်လည်း..ဘာသာခြားတွေနဲ့လက်ပွန်းတတီးနေရသော...သူဖြစ်ပါတယ်....ဒါကြောင့်ကိုယ့်ဘက်ကလုံခြုံနေဖို့သိသင့်သောအချက်တစ်ခု
လို့ယူဆပါတယ်..
ဗေဒင်ကို..ဘုရားကအားမပေးပါဘူးလို့..လေ့လာမိသမျှ..စာပေများအရသိရပါတယ်...မဟုတ်ပါသလားခင်ဗျာ...
ဆက်ပြောချင်တာကတော့..ဘုန်းတော်ကြီးများ(အားလုံးတော့ဟုတ်ချင်မှဟုတ်မှာပေါ့လေ)ကိုယ်တိုင်အဘယ်ကြောင့်
နေ့တွေနံတွေ..လုပ်နေကြပါသနည်း...
ကျွန်တော်လည်းမိဘတွေ.. ဗေဒင်ဆရာနဲ့တွက်ချက်ပေးခဲ့သောနေ့နံနာမည်ကို...ပြတ်ပြတ်သားသားပယ်ပြီးပါပြီ
အထက်ပါကျွန်တော်နှင့်အမောင်လုလင်သိချင်သောမေးခွန်းကို...တတ်သိနားလည်သူနောင်တော်ကြီးများ
သနားသောအားဖြင့်ဝင်ရောက်ဖြေရှင်းနားချနိုင်မည်ဆိုပါက.........
အလွန်ဝမ်းသာရပေမည်
အားလုံးကိုလေးစားစွဖြင့်......
Quote this message in a reply
Thank given by amglulin, kyaymoneyait, Firewire, talkyboy
11-02-2010, 10:59 AM
Post: #23
RE: ဗုဒ္ဓဘာသာခေါင်းစဉ်အောက်မှ မဟုတ်မဟတ်အယူအဆများ...။
ဟုတ်ကဲ့ခင်ဗျာ။ အခုလိုမျိုး နားလည်မှုတွေနဲ့ အပြန်အလှန် ရေးသားပြီး အကို့တို့ဆီကခင်မင်ရင်းနှီးမှုတွေ ရတဲ့အတွက် အရမ်းဝမ်းသာပါတယ် ခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
Quote this message in a reply
Thank given by kyaymoneyait, Firewire, Htein, talkyboy
13-02-2010, 12:48 AM
Post: #24
RE: ဗုဒ္ဓဘာသာခေါင်းစဉ်အောက်မှ မဟုတ်မဟတ်အယူအဆများ...။
ကျွန်တော်ဒီအကြောင်းကိုရှေ့တွင်ပြောဆိုခဲ့ပြီးဖြစ်ပါသည်။ကျွန်တော်တို့ခေတ်လူငယ်တွေကိုယ်ယုံကြည်ရာကိုလွတ်လပ်စွာ
ယုံကြည့်ဖို့ဆိုတာ လက်တွေ့ကျရှင်းလင်းဖို့လိုအပ်ပါတယ်။ ကိုယ်ကိုတိုင်သိမှသာလျင်မိမိသားမြေးမြစ်ကို ကိုယ်ဘာကြောင့်
ကိုးကွယ်တယ်ဆိုတာရယ် သူတို့တွေလည်းမိမိနှစ်သစ်ရာကိုလေ့လာလိုက်စားပြီး ဘာသာရေးနှင့်ပက်သက်၍မျက်ကန်းမဖြစ်စေ
ရန်လမ်းညွှန်ဆုံးမနိုင်မှာဖြစ်ပါတယ်။ဗုဒ္ဓဘာသာနှင့်ဗေဒင်။ ဘာသာတရားနှင့်သင်ကြားကသိရှိတတ်မြောက်နိုင်သောအတတ်ပညာ
လမ်းတစ်လမ်းဆီဖြစ်ပါတယ်။ ခင်ဗျားတို့ကျွန်တော်တို့ သချာင်္ပညာအရာ ၁+၁=၂ ရတာကိုလက်ခံရင် ဗေဒင်ပညာအရ တနင်္လာနေ့မွေး
ရင် က ခ ဂ ဃ င ကိုလက်ခံရာမှာဖြစ်ပါတယ်။ ဗေဒင်ပညာကိုမယုံကြည့်လို့ လက်မခံရင်လည်းရပါတယ်။ ဒါပေမယ့် ဘာသာရေးနှင့်တော့
မရောစေပါနှင့်။ဒီလောက်ဆိုရင် ဗုဒ္ဓဘာသာနှင့်ဗေဒင်ပညာကိုမရောတော့ဘူးလို့မျှော်လင့်ပါတယ်။ဘာသာတရားတစ်ခုကိုလက်ခံယြုံ​ကည့်
ဖို့ဆိုတာအရေးကြီးပါတယ်။ အဲဒီအထဲကမှာ စစ်မှန်သောဘာသာတရားကိုသိရှိ နားလည်ဖို့ဆိုတာ ပိုအရေးကြီးပါတယ်။ လင်ဆုံးရင်တစ်သက် အယူမှားရင်တော့ သံသရာမျောတော့ပေဦးမယ်။ အခုခေတ်လူငယ်တွေလက်ရှိမည်သည့်ဘာသာတရားအားကိုး
ကွယ်နေနေ မိမိကိုးကွယ်နေသောဘာသာအပြင်အခြားသောဘာသာတရားများကိုပါလေ့လာလိုက်စားပြီး စစ်မှန်သောဘာသာတရားအား
တွေရှိနားလည်ကာ သံသရာမှလွတ်မြောက်နိုင်ပါစေ။ သံသရာမှာမျောချင်တယ်ဆိုရင်တော့ မျက်ကန်းတစ္စေမကြောက်သလို့ မျက်စိမှိတ်ပြီး
နေနိုင်ပါကြောင်း ပြောဆိုရင်း နိဂိုးချုပ်အပ်ပါသည်။ဗုဒ္ဓဘာသာနှင့်ပက်သက်၍မရှင်းမလင်းသောအချက်အလက်များကိုအားလုံးဝို​င်းဝန်းဖြေ
ရှင်းနိုင်ကြပါစေ။
Quote this message in a reply
Thank given by Htein, Moderator, Firewire, talkyboy
Post Reply 


Forum Jump: