|
ခေါင်းစဉ်မရှိ...ခံစားကြည့်!
|
|
25-08-2009, 12:04 AM
Post: #31
|
|||
|
|||
RE: ခေါင်းစဉ်မရှိ...ခံစားကြည့်!
(04-08-2009 11:54 PM)†သရဲ† Wrote:(04-08-2009 11:03 PM)Bo007 Wrote: ကျွန်တော်ဘာကို ဆိုလိုတယ်ဆိုတာကို နင်က တစ်ကယ်တော့ ခလေးလေးပဲ သရဲ .... If I make mistake... U must forgive... But, u don't forget... Nobody wanna make mistake.... |
|||
Thank given by |
pelpel |
|
20-09-2009, 04:32 PM
Post: #32
|
|||
|
|||
|
RE: ခေါင်းစဉ်မရှိ...ခံစားကြည့်!
သက်ရောက်မှု
********** ရေလေးတစက်ဆိုပေမဲ့ စက္ကူပါးလေးတချပ်တော့ နွမ်းလောက်တယ်လေ ပင်အပ်လေးတချောင်းဆိုပေမဲ့ ပူဖောင်းတလုံးကိုတော့ ဖောက်ခွဲပစ်နိုင်တယ်လေ သဲလေးတပွင့်ဆိုပေမဲ့ မျက်လုံးတခုလုံးကို ဗြောင်းဆန်အောင်ကလိပစ်နိုင်တယ်လေ ကျီစယ်မှုလေးဆိုပေမဲ့ ခံနိုင်ရည်မရှိတဲ့သူအတွက်တော့...သေစေနိုင်တဲ့အဖြစ်ပျက်တခုပေါ့
|
|||
Thank given by |
pelpel, icy rain, naylynnhtoon, nyit pote, Firewire, talkyboy |
|
04-11-2009, 04:20 AM
Post: #33
|
|||
|
|||
|
RE: ခေါင်းစဉ်မရှိ...ခံစားကြည့်!
နောက်ဆုံးလက်ကျန်
************* အနာဂတ်ဒိုင်ယာရီတအုပ်ထုတ်ဝေဖို့ ရည်မှန်းချက်တွေစာစီ အတွေးပန်းချီတွေဖွဲ့သီနေချင်သေးပေမဲ့ မျှော်လင့်ချက်မှင်ရည် ကုန်ခမ်းလုနေပါပြီ အော်ဟစ်နေပေမဲ့ မကြားနိုင်တဲ့အသံ ငိုကြွေးနေပေမဲ့ ခြောက်သွေ့နေတဲ့မျက်ဝန်း သေဆုံးနေပေမဲ့ အသက်ရှင်ကျန်နေသေးတဲ့လူတယောက်အတွက် ပျော်ရွှင်မှုတွေ အလှည့်မရနိုင်အောင် မင်းမူထားတဲ့ နာကျင်မှုတွေ ဒီနေရာမှာ ရပ်တန်းက ရပ်ပေးပါ
|
|||
Thank given by |
DryForest, nyit pote, Firewire, talkyboy, naylynnhtoon, ဥာဏ်မောင် |
|
26-11-2009, 10:19 PM
Post: #34
|
|||
|
|||
|
RE: ခေါင်းစဉ်မရှိ...ခံစားကြည့်!
ရေပြင်ညီတိမ်းစောင်းခြင်း
***************** မိုးစက်လေးတွေဖွဲကျကာမှ ကမ္ဘာကြီးက လန်းဆန်းတယ် ဒါဆို ဖန်တီးပေးသူ တိမ်တိုက်ကရော ဘယ်လိုနည်းနဲ့ လန်းဆန်းမလဲ အစာရလို့ ၀မ်းဝပါမှ အပင်တွေ အမြင်လှကြတယ် ဒါဆို ပေးပို့သူ အမြစ်တွေရော ဘယ်သူစွမ်းလို့ လှပနိုင်မလဲ မီးတောက်နေတဲ့ ဖယောင်းတိုင်မှ အလင်းရောင် ဖြစ်ပေၞလာတယ် ဒါဆို လောင်ကျွမ်းနေတဲ့ မီးစာသက်တမ်း ဘယ်သူတွက်ဆ တမ်းတနေမလဲ နူးညံ့လှပတဲ့ အမွေးပွအကျီလေးမှ နွေးထွေးလုံခြုံခြင်းကို ခံစားကြရတယ် ဒါဆိုအကာကွယ်ပေးနေတဲ့အကျီကိုရော ဘယ်သူကများ အအေးဒဏ်မှ ကင်းဝေးစေနိုင်မလဲ တဖက်သတ်ဆန်တဲ့ လောကကြီးမှာ ငိုကြွေးနေတဲ့တိမ်တိုက်လို ပေးဆပ်နေတဲ့ အမြစ်တွေလို လောင်ကျွမ်းနေတဲ့မီးစာလို ဝေဒနာခံစားနေရတဲ့အကျီလေးလို ဒီလိုလူတွေအတွက် နေရာလေးပေးတတ်ကြရင်...
|
|||
Thank given by |
ripcurrent, talkyboy, kyaymoneyait, naylynnhtoon, ဥာဏ်မောင် |
|
« Next Oldest | Next Newest »
|

Portal
Plaza
Search
Member List
Calendar
Help
ဒါဆိုလည်းဖြေမယ်



Thank given by