|
မောင်ရှက်ပြေး၏ ကဗျာများ
|
|
29-09-2009, 08:39 PM
Post: #41
|
|||
|
|||
|
RE: မောင်ရှက်ပြေး၏ ကဗျာများ
အတွေးများ
ရေးလက်စကဗျာများ ရေးချချင်လဲ ရေးမတတ်ခဲ့ ဦးနှောက်နှင့်အတွေးထဲ စကားလုံးတွေပြည်နှက်နေတယ်။ ရောက်ခဲ့တဲ့ဘ၀ မလှပဘူးလား နှလုံးသားနှင့် ဆန္ဒ လောကထဲ သောကတွေဝဲ။ အတ္တကခိုင်းစေရာ လုပ်ခဲ့တာက ငါ ရာဂဆိုတဲ့မီးကို ဘာနှင့်မှမငြိမ်းနိုင်ခဲ့။ သွားစရာလမ်းအသွယ်သွယ် ဖြောင့်တန်းလို့ ကွေကောက် ရှည်လျားတဲ့ လမ်းမထဲ မဖော်မပါ တစ်ကိုယ်ထဲ။ အေးမြတဲ့လောကထဲ ခဏတာရရှိခဲ့ လှပတဲ့ဘ၀ ပြေးထွက်ဖို့ကြိုးစားခဲ့။ ပူလောင်တဲ့ မီးလိုဘဲ ချစ်တတ်တဲ့ငါက လောင်ကျွမ်းလို့သွားပါစေ မီးကိုပဲ တိုးချင်တယ်။ |
|||
Thank given by |
pelpel, icy rain |
|
02-10-2009, 05:22 PM
Post: #42
|
|||
|
|||
|
RE: မောင်ရှက်ပြေး၏ ကဗျာများ
ပုဂံ
ရွာပေါင်းရယ် ၁၆ ရွာဖြင့် ဖွဲ့စည်းကာတည်ရှိလို့ မင်းနော်ရထာရယ်က သမိုင်းမှာစံတင်ရန် ကြိုးစားကာလုံ့လစိုက်လို့ သူရဲကောင်းလေးဦးရယ်နှင့် ပေါက္ကံခေါ်ပုဂံပြည်ကို ၁၁ရာစုတွင်တည်ကာရစ်တော့ ပထမမြန်မာပြည်ရယ်လို့ သမိုင်းမှာကျန်ရစ် သမိုင်းမှာ လွမ်းစရာတွေနှင့် မင်းကျန်စစ်နှင့်မဏိစန္ဒာရယ်က ဆွတ်ပျံ့လို့ကြည်နူးဖွယ်ရာ အရိန္ဒမာရယ် ဇာတ်ပို့လုပ်လို့ သူတို့နှစ်ဦး နောက်ဆုံးဝယ် လက်တွဲကြည်ဖြုပေါင်းခဲ့တယ် မြန်မာစာကိုလ ကြိုးစားကာတီထွင် သူတို့အမြင်ဖြင့်နှောင်းလူတို့ ကောင်းစားဖို့အရေး စတေးခဲ့တယ် စေတီပုထိုးတွေနှင့် လှည်းဝင်ရိုးသံ တညံညံရယ်နှင့် ပေါ က္ကံသားတို့ ကြိုးစားအားထုတ် ပေါများစေတီရယ်တွေနှင့် ပုဂံပြည်ရယ်လို့ ထင်ရှားကျော်ကြားခဲ့၏ နရသီဟပတေ့ လက်ထက်ဝယ် တရုတ်တွေ လုံးလုံးချီတော့ မင်းနော်ရထာပုဂံပြည်ရယ်က လုံးဝဥဿုန် ပြိုပျက်လို့ ပုဂံခေတ်တစ်ခန်းရပ်ခဲ့တယ်...။ |
|||
Thank given by |
pelpel, icy rain |
|
12-10-2009, 12:06 PM
Post: #43
|
|||
|
|||
|
RE: မောင်ရှက်ပြေး၏ ကဗျာများ
ဘုရင့်နောင်နှင့်ကုန်းဘောင်
သာယာအောင်ဝပြော ဖွံ့ဖြိုးကာတိုးတက်လို့ ဆည်မြောင်းကန်သင်းတွေနှင့် ပြည်သူတွေစိတ်ချမ်းသာ ကောင်းကျိုးတွေ ဝေဖြာလို့ မင်းဘုရင့်နောင်ရယ်က အသက်ဖြင့်ရင်းကာ ပြည်မြန်မာ မြေပုံကိုလ မင်းနော်ရထာထက် သာလွန်အောင် ဦးဆောင်ခဲ့တယ်...။ ကုန်းဘောင်ရယ်ရွှေဘို ငါးမည်ရပြည်ရွှေဘိုရယ်လို့ ထင်ရှားကာကျော်ကြားပြီး ထန်းလုံးခံတပ်ကိုလ အရင်းကာအခြေပြုလို့ ဦးအောင်ဇေယျရယ်လို့် မင်းဖြစ်ကာ ဘုန်းကြီးလို့ ကျော်ဇောခဲ့တယ် အိမ်ရှေ့၌စံပျော် ဉာဏ်အမြှော်ကြီးစွာဖြင့် ကနောင်ရယ်ကိုယ်တော်က စက်မှုနှင့်လက်မှု ပညာတွေ တိုးတက်အောင် ကြံဆောင်တော့ စက်ရုံပေါင်းမြောက်များစွာ တည်ဆောက်ပါလို့ ပညာတော်သင်စေကာ လွှတ်ကာ တိုးတက်ဖို့အရေး ကြံဆောင်ပေးကာ အသက်ပေး၍ထမ်းရွက်ခဲ့၏ သို့ပေမဲ့ အကြောင်းမလှ ၁၈၈၅ မှာတော့ သမိုင်းမှာတွင်ရန် ဗြိတိသျှရန် တွန်းလှန်ရင်းနှင့် သူ့ကျွန်လက်အောက်ရောက်ခဲ့ရတယ် သူ့ကျွန်လက်အောက်ရောက်သည့်ချိန်ဝယ် တို့နိုင်ငံသားတိုင်းရင်းသားများ ချုံခိုပြောက်ကျား စွမ်းပကားဖြင့် တိုက်ခိုက်ခုခံ အားမသန်လို့ မာန်လျှော့ရလည်း စိတ်အထဲတွင် လိပ်ခဲတည်းလည်း ရှိသည်တကား…။ |
|||
Thank given by |
WiYawDi, pelpel, icy rain |
|
22-10-2009, 10:45 AM
Post: #44
|
|||
|
|||
|
RE: မောင်ရှက်ပြေး၏ ကဗျာများ
ဆောင်းရာသီအလွမ်း
ဆောင်းအကုန်နွေအကူး ရော်ရွက်တို့ မြူးလေ၏ နွေအကုန်ဝဿန်အကူး ပန်းစံပယ်တို့ ဖူးလေ၏ ၀ဿန်ကူးလို့ ဆောင်းကိုရောက် သူ့တစ်ယောက်ကို လွမ်းလေ၏ ဆောင်းနှင်းက ဖွေးဖွေး တစ်ယောက်ထဲ လွမ်းလို့ဆွေး မြောက်ပြန်လေက ခပ်ကြမ်းကြမ်း သူ့အနမ်းကို တမ်းတ၏ |
|||
Thank given by |
DryForest |
|
05-11-2009, 07:53 PM
(This post was last modified: 05-11-2009 07:54 PM by Bo007.)
Post: #45
|
|||
|
|||
|
RE: မောင်ရှက်ပြေး၏ ကဗျာများ
သစ္စာတရား
သံလွင်ကပြောသော သစ္စာ ဧရာဝတီ၏ မာန ငါ့ ဘ၀ကိုမထားခဲ့ကြပါနှင့်။ လောင်ကျွမ်းမှုတွေ ဒုနှင့်ဒေး အေးချမ်းမှုတွေရှာနေစဉ် ဘာတစ်ခုမှ အရာမထင်။ အပြင်ကဖြူစင် အတွင်းက ကောက်ကျစ် လူညစ်၏ သစ္စာ ကမ္ဘာတည့်သရွေ့ တိုင်ပါ့မလား။ |
|||
|
13-11-2009, 12:48 AM
Post: #46
|
|||
|
|||
|
RE: မောင်ရှက်ပြေး၏ ကဗျာများ
ကုန်းဘောင်ခေတ်နှောင်း
သမိုင်းဆိုတဲ့ အရာကို နဖူးပေါ်လက်တင်လို့ စိတ်အစဉ်တွေး ရေယာဉ်ဖြင့် စဉ်းစားကာဆင်ခြင်ရရင်တော့ မြန်မာဆိုတဲ့ တို့ဗမာတွေ သွေးကလေ ရဲရဲနီစွေးလို့ ရန်သူတွေ ကျွန်ကုလားကိုလ အားထုတ်ကာ ညီညီညာညာ အသက်ချွေးတွေ ရင်းပါလို့ ကြိုးစားကာတိုက်ထုတ်တော့ တို့ခေါင်းဆောင် ဗိုလ်အောင်ဆန်းရယ်က လျို့ဝှက်ကာ နိုင်ငံရေးအတွက် အသက်ပေးလို့စတေးခဲ့၏ ဇွန်လှိုင်ရယ်၁၉မှာ မိုးဖွဲဖွဲရွာပါလို့ ဘ၀တစ်ပါး ကူးပြောင်းခဲ့၏ လူတစ်စု၏ ယုတ်မာမှု…။ ခုအခါ…………. ကမ္ဘာမှာ မြန်မာရယ်လို့ လူအများပြောဆိုတွင် ဆိုးလိုက်တဲ့ နိုင်ငံရယ်တဲ့ တစ်ခါက တို့လူမျိုးတွေ ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတွေ တောင်လိုပုံလို့ အလှူရေစက် လက်နဲ့မကွာ ဘုရား၊ တရား၊ သံဃာ ဘိုးဘွားနဲ့ ဆရာ လူကြီးမိဘကိုလ ကိုင်းရှိုင်းကာရိုသေလို့ လက်အုပ်မိုးတယ် လိမ္မာယဉ်ကျေးလေစွ တို့မြန်မာတွေရယ် သာသနာပြန့်ပွားရေးကိုလ ကြိုးစားဆောင်ရွက်တဲ့ထိုပုဂ္ဂိုလ်ကွယ် တုတ်နှင့်ရိုက်ပါလို့ ခြေထောက်ဖြင့်နင်းကြောက်ကာ ၀တ်ချွတ်ကာထောင်ချတော့ သေချင်းဆိုးတွေ ခွေးဖြစ်မဲ့မျိုး…။ ခါးသီးမှုတွေကိုရင်ဆိုင် ရင်ဆိုင်ရန် အင်အားအပြည့်ဖြင့် စိတ်ထားမွန်မြတ် ၊စိတ်ဓာတ်ကထူးချွန် ဒူးမထောက် လက်မမြှောက်ဘဲ ကိုယ်ကြိုးကိုငဲ့ ၊ အများအတွက်ကြည့်ကာ အသက်ကိုပင်ပေးဝံ့သည် သားကောင်းဇာနည် ၊မြန်မာပြည်ဖွား မင်းအတွက်၊အားလုံးမှာ မျက်ရည်ဝဲလို့ ၊ ကောင်းကင်ကြီးတောင် ငိုနေပြီ ၊မင်းဘက်မှာရပ်တည် ပန်းတိုင်ကိုချီတက် ငါ့မှာ မင်းလောက်အင်အားမရှိဘူး ခွန်အား နှင့် စိတ်ဓာတ်က ကောင်းကင်တမွတ် ၊ ကြယ်ကိုဆွတ်မည့် အာဂလူသား ၊ တို့ပြည်သား…။ အိပ်မက်ဆိုးတွေက ခြောက်လန့်နေလည်း အမှောင်တွေပြီးရင် အလင်းသို့ရောက်ကာ ရောင်ခြည်ထွေးနွေးပါစေလို…။ |
|||
Thank given by |
Firewire, Ch$ZorRow$ |
|
22-01-2010, 04:28 PM
Post: #47
|
|||
|
|||
|
RE: မောင်ရှက်ပြေး၏ ကဗျာများ
ဆောင်းရာသီအလွမ်း
နှင်းဆီလို ရှက်သွေးဖြာလဲ ဆူးခက်တွေ ၀န်းရံထားတယ် ၀ိုင်နီလို မူးရစ်စေတဲ့ မင်းအကြည့်ကြောင့် လမ်းတောင်ပျောက်ခဲ့ရတယ် အေးချမ်းတဲ့ညတွေမှာ နှစ်ယောက်ထဲ ကြည်နူးကာ တေးဆိုသိပ်ချင်တယ် ဆောင်းလေက ဖြေးဖြေးလေး ပတ်ဝန်းကျင်က တိတ်ဆိတ်ဆိတ် သာယာအိပ်ပျော်နေချိန်မှာ မင်းကို ထွေးပိုက်ထားချင်တယ် တကယ်သာဖြစ်မယ်ဆိုရင် လှပတဲ့ မင်းနှုတ်ခမ်းကို အနမ်းဖွဖွလေးတွေပေးချင်တယ် ဆောင်းနှင့်ဖွေးတဲ့ညတွေမှာ ငါကိုယ်တိုင်ဆုတောင်းနေလဲ ဒီဇင်ဘာ နှင်းမှုန့်ကြားက အဖြူရောင်မင်းသမီးရယ် မင်းမှမကြားနိုင်ဘဲ။ |
|||
Thank given by |
Ch$ZorRow$, †သရဲ† |
|
18-02-2010, 12:26 PM
Post: #48
|
|||
|
|||
|
RE: မောင်ရှက်ပြေး၏ ကဗျာများ
တမ်းတမ်းတတ
ချစ်ခြင်း၏မြားတစ်စင်း ဒီရင်ကိုခွင်းလို့ သဲနှလုံးကြွေကျ ချစ်ခဲ့ရလည်း သူမ မသိ ငါသာချစ်၏ မမေ့ဘူး ရစ်မူးခဲ့ဘူးတယ် သူမအလှ မေ့မရလို့ တမ်းတမ်းတတ သတိရ၏ နှစ်ယောက်ထဲ ကြည်နူးခဲ့လည်း မျက်နှာသာမပေး ဇာတ်ဆရာလေးကြောင့် လွမ်းခဲ့ရတယ် ဆွေးရတယ် ချစ်ခဲ့မိတယ် ချစ်ခဲ့မိလည်း မင်းမသိပါဘူး ချစ်သူ မင်းနဲ့ငါ ဝေးကွာနေလည်း ချစ်နေစဲ။ |
|||
|
« Next Oldest | Next Newest »
|

Portal
Plaza
Search
Member List
Calendar
Help


Thank given by